14 July, 2011

စင်ကာပူရောက်မြန်မာများအတွက် ၀မ်းမြောက်ဖွယ်


အမျိုးဘာသာသာသနာအတွက် ဆောင်ရွက်ကြရာတွင် နေရာအခက်အခဲဖြစ်နေကြသည့် စင်ကာပူနိုင်ငံရှိ မြန်မာပရဟိတနှင့် ဘာသာရေးအသင်းအဖွဲ့များအတွက် စင်ကာပူနိုင်ငံ၊ ယူနို့စ် ၊ မင်္ဂလ၀ိဟာရကျောင်းတိုက်မှ အပတ်စဉ်တရားပွဲများကျင်းပရန်၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် အဘိဓမ္မာစသော ဓမ္မရေးရာသင်တန်းများ ဖွင့်လှစ်ရန်၊ တံခါးဖွင့်လိုက်ပြီ ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် အရှင်စိတ္တရက အသင်းအဖွဲ့များအား ဖိတ်ခေါ်အသိပေးလိုက်ပြီ ဖြစ်ပါသည်။

စင်ကာပူနိုင်ငံရှိ ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းတိုက်များတွင် မင်္ဂလ၀ိဟာရသည် သင်တန်းများဖွင့်လှစ်ရန်နှင့် တရားပွဲများကျင်းပရန် လုံလောက်သော သင်ထောက်ကူပစ္စည်းများ၊ စာသင်ခန်းများ၊ ခန်းမများ အပြည့်အစုံရှိသည် ဟု သိရသည်..။

စိတ်ပါဝင်စားသူများအနေဖြင့် ဆရာတော်ထံ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါကြောင်း..။

ဓမ္မဂင်္ဂါ

(၁၅-၇-၂၀၁၁)

3 comments:

မော်ကွန်းသစ် said...

(အမျိုးဘာသာသာသနာအတွက်) သာဓု...သာဓု..ပါ..ဘုရား

Ashin Acara. said...

မုတ္တောဟမသ္မိ!!!!!
:)

MatthewNhkum said...

မလေးရှားမှာလည်း ရှိသင့်ပါတယ်