06 April, 2013

ရွှေပြည်ကြီး၏ တရားခံ


အကြောင်းရင်းတရားခံ
-----------------

အလသဿ ကုတော သိပ္ပံ၊
အသိပ္ပဿ ကုတော ဓနံ။
အဓနဿ ကုတော မိတ္တံ၊
အမိတ္တဿ ကုတော သုခံ။
အသုခဿ ကုတော ပုညံ၊
အပုညဿ ကုတော ၀ရံ။

ပျင်းရိသောသူသည် အဘယ်မှာ အတတ်ပညာ ရမည်နည်း။
အတတ်ပညာ မရှိသူသည် အဘယ်မှာ ဥစ္စာ ရမည်နည်း။
ဥစ္စာမရှိသောသူသည် အဘယ်မှာ မိတ်ဆွေ ရမည်နည်။
မိတ်ဆွေမရှိသောသူသည် အဘယ်မှာ ချမ်းသာ ရမည်နည်း။
မချမ်းသာသောသူသည် အဘယ်မှာ ကုသိုလ်ကောင်းမှု ပြုနိုင်မည်နည်း။
ကုသိုလ်ကောင်းမှု မပြုခဲ့သောသူသည် အဘယ်မှာ နိဗ္ဗာန် ရမည်နည်း။

စတုရင်္ဂဗလအမတ်ကြီး
(လောကနီတိ)

မှတ်ချက်
------
၁)လူပျင်းများလျင်.......
၂)ပညာမတတ်သူများမည်။
၃)ဓနဥစ္စာနွမ်းပါးသူ (ဆင်းရဲမွဲတေသူ)များမည်။
၎)အထီးကျန်သူများမည်။(စီးပွားရေးလူမှုရေးစသည်အဖက်လုပ်မည့် မိတ်ဆွေရှိမည်မဟုတ်) (Sanction)
၅)အားငယ်ကြောက်ရွံ့လူတောပင်မတိုးဝံ့သူ( လူမွှေးလူရောင်မပြောင်သူ)များမည်
၆)ကုသိုလ်ကောင်းမှုထက် လိမ်စားညာစားအကုသိုလ်ပွား၍ အလှူခံဖုန်းတောင်းယာစကာများမည်
၇)နိဗ္ဗာန်နှင့် ဝေးကြမည်ဟူ၏။

ဓမ္မဂင်္ဂါ
(၇-၄-၂၀၁၃)


1 comment:

Unknown said...

မှန်တယ်ဘုရား...