04 September, 2013

အလင်းဖွင့်တံခါး

အလင်းဖွင့်တံခါး
-----------
ဘ၀စီးပိုးမှုရှိဖို့
ဘယ်ချိန်ခွင်ထဲ ထည့်ချိန်ကြည့်မလဲ...
အမှားတွေသာ တစ်လှေကြီး
မောင်းသွင်းလာခဲ့ကြ...။

ပွင့်လင်းမြင်သာမှုမရှိတဲ့
စိတ်ဖိစီးမှုတွေကြား
ခွင့်လွှတ်ထိုက်ရင်
ခွင့်လွှတ်လိုက်ကြပါ ကွယ်တို့ရယ်...။

သံသရာဆိုတာ
ဒီတစ်ခါတည်းမှ
မဟုတ်တာပဲ...။

ဂါထာတွေ သရဇ္ဈာယ်ရင်း
ချစ်ခြင်းတရားကိုလည်း
ပွားများသင့်ပါသတဲ့..။

ညတွေ
အိပ်မက်ဆိုးထဲက
ထွက်ပြေးလာချိန်
ငါတို့ သစ္စာဖူးထွက်ကြရအောင်လေ....။

ဓမ္မဂင်္ဂါ
(၅-၉ -၂၀၁၃)

No comments: