ကျနော်နဲ့ ခင်ဝင့်ဝါ
=========
သူမအကြောင်းက ဒေသတွင်းသာမက မဇ္ဈိမဖက်ရှင်မဂ္ဂဇင်းတိုင်း၏ ကာဗာစတိုရီဖြစ်နေသည်။ ပုံဟန်အမျိုးမျိုးဖြင့် မရိုးနိုင်အောင် စိုရွှန်းကြည်လဲ့သော သူမ၏ အလှရုပ်ပုံများက စာမျက်နှာတိုင်းပေါ်တွင် နေရာယူထားကြသည်။
သူမကိုယ်တိုင် ရွတ်ဆိုသော အရိယာကဗျာတစ်ပုဒ်တွင်
“ဇမ္ဗူရာဇ်ရွှေစင်ကို
ခုနစ်ထွေရတနာစီလို့
ပန်းချီပန်းပုနဲ့ ရေးခြယ်ထုဆစ်
ပျိုမြစ်လှပ
ရှုမြင်တိုင်း ရုပ်ကြွ
မြင်သူတိုင်း ငေးကြ
မရပ်တည်နိုင်
မူးမှိုင်တွေဝေကြ။” ဟု စိတ်တံခါးဖွင့်ပြထားရာ သူမ၏ အလှကို လှစ်ခနဲ မြင်လိုက်ရသည့်အခိုက် ကျနော့်ခေါင်း မိုက်ကနဲဖြစ်သွားသည်။ သူမအမည်က ခင်ဝင့်ဝါ..။
ခင်ဝင့်ဝါက မဒ္ဒတိုင်း၊ သာဂလမြို့တော်၏ မင်းသမီးတစ်ပါးဖြစ်သည်။ ရွှေလင်ပန်းနှင့် အချင်းဆေး မင်းမွေးသည့်သမီးပီပီ မဒ္ဒတိုင်းအလှသရဖူကိုပြိုင်ဘက် မရှိ ဆောင်းခွင့်ရခဲ့သည်။
သူမမွေးဖွားစဉ်က ထူးဆန်းလွန်းစွာပင် ပြည်သူတို့ ၏ ရောဂါဥပဒ်များ ကင်းစင်လွင့်ပျောက်သွားသည့်အတွက် ခင်ရန်ရှင်း ဟုအဓိပ္ဗါယ်ရသော မဂဓအမည်ရှိသော်လည်း သက်ရှိဒေ၀စ္ဆရာနတ်မိမယ်တစ်ပါးလို ထင်ပေါ်ဝင့်ဝါသော သူမကို ကျနော်က ခင်ဝင့်ဝါ ဟု အမည်ပေးမိသည်။
မင်းကြိုက်စိုးကြိုက် ကာလသားများနှင့် လားလားမှ မထိုက်သော နယ်စည်းမခြားအလှဒေ၀ီ ခင်ဝင့်ဝါကို မဂဓတိုင်းကြီးရှင်၊ ဗိမ္ဗိသာရဘုရင်က မိဖုရားခေါင်ကြီးအဖြစ် ကမ်းလှမ်းလက်ဆက်ခဲ့ပါလေသည်။
အလှပေါ် အယဉ်ဆင့်၊ မဟေသီမာန်ဝင့်နိုင်လေသော ခင်ဝင့်ဝါအတွက် ရတနာကြေးမုံပြင်ရှေ့က မခွာ၊ ရတနာနန်းတွင်းက မထွက်..။ စက်စက်ယို အလှကိုးကွယ်သူဖြစ်လာသည်။ အနိဋ္ဌာရုံများ ခင်ဝင့်ဝါအနားမလာရပြီ.။ ရုပ်ဆိုးသူများ ခစားခွင့်မရှိဟုပင် အမိန့်တော်ထုတ်ပြန်ထားလေပြီ။
စူပါပါဝါတိုင်းကြီးပြည်ကြီးရှင် ၏ ဖတ်စ်လေဒီမိဖုရားခေါင်ကြီးဖြစ်သ ည့်အတွက် ကာသိတိုင်းဖက်ရှင်ဈေးပွဲတော်သို့
ပရိုက်ဗိတ်ဂျက်ဖြင့် ရှော့ပင်းထွက်လေသည်။ ခင်ဝင့်ဝါသုံးစွဲသမျှ
အကန့်အသတ်ဖြင့် ထုတ်ရသော လိမိတက်ဒ်ပစ္စည်းများသာ ဖြစ်ရသည်။
လှထိပ်ခေါင်မဖုရားကို မည်သူမျှ တုပ၀တ်ဆင်ခြင်းမရှိစေရတော့ပေ။
အွန်လိုင်းစစ်တမ်းများအရ ဇမ္ဗူဒိပ်မြေအပြင်ဝယ် သူမက ဒုတိယအလှသရဖူ(First Runner up) စွဲလေသည်။ ပထမအလှမယ်ဘွဲ့ကို သက္ကတိုင်း၊ဒေ၀ဒဟမယ်လေး ယသော်ဓရာက ဆွတ်ခူးသွားခဲ့သည်။
ခင်ဝင့်ဝါ၏ ရုပ်လုံးကြွတော်ဝင်ရွှေပုံလွှာ များကိုတော့ မဂဓတိုင်းလုံးအနှံ့ မင်းလမ်းမပေါ်က အယ်လ်အီးဒီဖန်သားပြင်ကြီးများတွ င်သာ သာမန်ပြည်သူများမော်ဖူးခွင့်ရကြ သည်။ မင်းခမ်းမင်းနားနှင့် ဝေးလွန်းသော ကျနော်ကတော့ ရာဇဂြိုဟ်သားစာဆိုက၀ိတို့ ၏ ခင်ဝင့်ဝါဘွဲ့ကဗျာများကို ဖတ်ရသည်။
ခင်ဝင့်ဝါက အလှတရားနောက် ကောက်ကောက်ပါအောင် လိုက်နေချိန် မဂဓသတင်းရပ်ကွက်တွင် ဗုဒ္ဓအရှင် ပွင့်ထွန်းပေါ်တော်မူလာသည့်သတင်း နှင့် ဘုရင်ဗိမ္ဗိသာရဦးဆောင်သော ရာဇဂြိုဟ်ပြည်သူတို့ ဗုဒ္ဓအရှင်၏ စစ်မှန်သောသစ္စာဓမ္မကို လိုက်နာကာ ဘာသာကူးပြောင်းပွဲကြီးချိမ့်ချိ မ့်သဲကျင်းပတော့မည် ဖြစ်ကြောင်းသတင်းတို့ကလည်း အိတ်စ်ကလူးစစ်(Exclusive ) စက်ရပ်သတင်းဖြစ်နေလေသည်။
ကျနော်စိတ်ဝင်စားသည်က အသစ်ပေါ်ထွန်းလာသည့် ဗုဒ္ဓအရှင်နှင့် ပတ်သက်သော ခင်ဝင့်ဝါ၏ သဘောထားခံယူချက်ပင်..။
အလှတရားကို ကိုးကွယ်လွန်းသူနှင့် အလှတရား၏ အပျက်ကို ရှုမြင်ကာ သံသရာလွတ်လမ်းညွှန်တရားဓမ္မတို့၏ ထိပ်တိုက်ဆုံမှတ်ကို သိချင်နေမိသည်။
နန်တွင်းမှ ထွက်ပေါ်လာတတ်သည့် တီးတိုးတော်ဝင်သတင်းများအရ ဗုဒ္ဓအရှင်ကို ကြည်ညိုလေးမြတ်လှသည့် ဘုရားဒကာ အရိယာသူတော်စင်ဘုရင်တစ်ပါးဖြစ်ေ နသည့်
ဗိမ္ဗိသာရအနေဖြင့် မယားအလှကို တရားပြချင်ရှာသော်လည်း စကားဟလို့ပင်
မရကြောင်း ကျနော်တို့ သိနေရသည်။ ဘုရင်မင်းမြတ်အနေဖြင့်
ပါရမီဖြည့်ဖက်တွေပီပီ မောင်မယ်စုံ သံသာလေကမ်းတိုင်ချင်သည်မှာ သဘာဝကျပါသည်။
မကြာမီမှာတော့ ဗုဒ္ဓအရှင်သီတင်းသုံးနေထိုင်ရာ ဝေဠုဝန်ကျောင်းတော်၏ ပုံရိပ်များက မဂဓ သတင်းမီဒီယာလောကတွင် ပေါ်ပြူလာသတင်းဖြစ်လာသည်။
ဘုရင့်မိသားစုပိုင်တော်ဝင်ရုပ်သံနှင့် ဝေဘာရ၊ ဝေပုလ္လစသော အစိုးရပိုင်သတင်းဌာနများက ဝေဠုဝန်ကျောင်းတော်သာယာပုံသတင်း များကို ပေါ်လစီသတင်းတစ်ရပ်ပမာ နေ့စဉ်ထုတ်လွှင့်နေသည်ကို ကျနော်တို့ ကြည့်ရှုရလေသည်။
လမ်းမတိုင်း၏ ဘီလ်ဘုတ်ကြော်ငြာများတွင်“ ဝေဠုဝန်ကို သိလား ”ဟူသော စာလုံးပြူးပြူးကြီးကို မြင်ကြရမည်။ မြို့တော်ခန်းမနှင့် ဘုရင်မပန်းခြံလို လူစည်ကားရာနေရာများတွင် ဝေဠုဝန်လက်ကမ်းကြော်ငြာစာရွက်လေးများကို
လုလင်ပျို လုံမပျိုလေးများက ဝေငှနေကြသည်။ ကဗျာစာဆိုတို့ကလည်း ဂန္ထ၀င်၊
ရီယယ်လစ်ဇင်၊ ဆာရီယယ်လစ်ဇင်၊ မော်ဒန်၊ ပို့စ်မော်ဒန် ဟန်အသီးသီးဖြင့်
ဝေဠုဝန်ကိုသာ ရေးဖွဲ့နေကြလေသည်။
တောင်ထိပ်နက္ခတ်သဘင်ကျင်းပရာ မြို့တော်လုံးကျွတ်နွှဲသည့် ပဏ္ဍ၀တောင်ရှိုးပွဲမှာတော့ ဟဲဗီးမက်တယ်၊ ပေါ့၊ ဟစ်ဟော့၊ ပန့်ခ်၊ ဂျပ်ဇ် နှင့်အော်လ်တာနေတစ် ဂီတအဖွဲ့အမျိုးမျိုးက ဝေဠုဝန်အကြောင်းကိုသာ ဖွဲ့နွဲ့သီဆိုကြလေရာ ဝေဠုဝန်ဂီတရပ်ဝန်း ဟုပင် သတင်းစာနှင့် ဂျာနယ်များက အမွှမ်းတင်ရေးသားကြလေတော့သည်။
နောက်မှ ကျနော်သိရသည်မှာ မဂဓဘုရင်၏ အမိန့်ဖြင့် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဝေဠုဝန်သတင်းကို ဖန်တီးခြင်းဖြစ်သည် ဟုဆိုသည်။ ပစ်မှတ်က ခင်ဝင့်ဝါဖြစ်၏။
ငွေကုန်ကြေးကျများလှသော ထိုဝေဠုဝန်ပရောဂျက်အောင်မြင်ခဲ့ ပါသည်။
အလှကို ကိုးကွယ်သောအလှနတ်ဖုရား ခင်ဝင့်ဝါ အလှတရားရှိရာကို အမှန်တကယ် ရောက်အောင် သွားခဲ့ပါလေသည်။ ဗုဒ္ဓအရှင်ကလည်း သူမအား အလှတရားဖြင့် တည်ခင်းဧည့်ခံရန် အသင့်စောင့်နေတော်မူခဲ့သည်။
ကျေးငှက်တို့ ဂီတ..။ ရောင်စုံပန်းတို့ မွှေးမြ
စမ်းရေလေးတွေ စီးကျ...။ ဗုဒ္ဓခေတ်ကျောင်းဝိဟာသည် ရောက်လာသူတိုင်း၏
ရင်ကို တရားမနာရမီက အေးမြအောင် စီမံဖန်တီးထားလေသည်ပဲ..။
ခင်ဝင့်ဝါ ရင်သပ်ရှုမောဖြစ်သွားသည်။ ဝေဠုဝန်ဥယျာဉ်ကျောင်းဝိဟာထဲ ငှက်ပျိမလေးတစ်ကောင်လို ပြေးလွှဲခုန်ပေါက်မိသည် အထိ...။
ဗုဒ္ဓအရှင်ကိုတော့ ခင်ဝင့်ဝါက ရှောင်ဖို့ကြိုးစားသည်။
ဒါပေမယ့် တည့်တည့်တိုးလေသည်။ ဗုဒ္ဓအရှင်၏ ဂန္ဒကုဋီကျောင်းတံခါးက ဟင်းလင်းပွင့်လျက်...။ မွှေးပျံ့သော သီလဓမ္မရနံ့ကို ရှိုက်မိတော့ အလှမက်သူခင်ဝင့်ဝါ မနေနိုင်...။ တိတ်တိတ်လေး ခြေဖျားထောက်ကာ ချောင်းကြည့်သည်...။ အို
ဗုဒ္ဓဘုရားပါလား...။ အလှကို ကဲ့ရဲ့ပြစ်တင်သည် ဟု သတင်းကြီးသော
ဗုဒ္ဓအရှင်၏ ရှေ့တော်မှောက်တွင် ဖိုက်ဒီရုပ်လုံးကြွမိန်းမပျိုငယ်လေးတစ်ဦး.....
ထိုနတ်ရုပ်သွင်လေးက ယတ်လေခတ်ကာ ဗုဒ္ဓအရှင်ကို ပူဇော်နေသည်။
ထိုမိန်းမပျို၏ လင်းလက်သောအလှတရားအောက်တွင် ခင်ဝင့်ဝါ၏ အရောင်က မှိန်ပျသွားသည်။
အလှမာန်ဝင့်သော ခင်ဝင့်ဝါ နောက်ကောက်ကျသွားခဲ့ပြီ..။.။
လှလိုက်ပါဘိ..လှလိုက်ပါဘိ..။
သူမ တဖွဖွရွတ်ကာ အနားသို့ တိုးကပ်သွားသည်။
ဗုဒ္ဓအရှင်ကိုယ်တော်တိုင် တန်ခိုးတော်ဖြင့် ဖန်ဆင်းထားလေသည့် ဒေ၀စ္ဆရာအသွင်ပေပဲ..။
သို့သော် သူမကြည့်နေစဉ်မှာပင် ဒေ၀စ္ဆရာအသွင်လေးက ယိုယွင်းလာသည်။ နုရာက ရင့်..။ ရင့်ရာက မှည့်..။ မှည့်ရာက ကြွေ...။ အိုး ..........
သင်္ခါရကို ပါရမီထက်သော သူပီပီ ခင်ဝင့်ဝါမြင်လေပြီ.။
ချစ်သမီး ရှုလော့..။
မြင်ပါပြီ အရှင်...။
ရုပ်အလှထက် စိတ်အလှ...
လောကီအလှထက် လောကုတ္တရာအလှ..
ပညတ်အလှထက် ပရမတ္ထအလှ....။
အလှနှင့် ပညာကို ခင်ဝင့်ဝါပေါင်းစပ်နိုင်လေပြီ.. ။
ထိုနေ့မကူးမီမှာပင် မဂဓတိုင်း၏ မဟေသီ ခင်ဝင့်ဝါတစ်ယောက် ခေမာထေရီအဖြစ် ဗုဒ္ဓအရှင်ထံပါးတွင် ဘိက္ခုနီရဟန်းအသွင်ကို ကူးပြောင်းခံယူတော့မည်ဖြစ်ကြောင်း ရာဇဂြိုဟ်တော်ဝင်သတင်းဌာနက အတိအလင်းသတင်းထုတ်ပြန်သည်ကို ကျနော်တို့ အံ့သြဖွယ် ကြားရသည်။
ဗုဒ္ဓအရှင်က သူမ၏ မြင့်မားလှသော ပညာပါရမီစွမ်းပကားကြောင့် ပထမတန်းသမီးတော်အဖြစ် လက်ယာရံဧတဒဂ်ဆုမြတ်ကို ပေးအပ်ဂုဏ်ပြုတော်မူလေသည်ကလည်း အမျိုးသမီးထုအတွက် အားတက်ဖွယ်ရာဖြစ်ပါသည်။
အမျိုးသမီးတစ်ယောက်၏ သာသနာတော်တွင်း မျှော်မှန်းနိုင်သော အဆင့်အတန်းကို ခန့်မှန်းအားကျဖွယ်ရာဖြစ်လာခဲ့ပါသည်။
ခင်ဝင့်ဝါသည် လောကီနယ်တွင် အလှစံပြဖြစ်သလို လောကုတ္တရာနယ်တွင်လည်း အမျိုးသမီးထု၏ ရိုးလ်မော်ဒယ်ဖြစ်လာပြန်တော့သည်။
ကျနော်က သူမ၏ အရိယာပရိုဖိုင်လ်ကို မကြာခဏ ကလစ်ခ်မိကာ မျိုးဆက်သစ်လုံမပျိုလေးများကို ဖြန့်ဝေဖြစ်လေသည်။
ကျနော် သိသော ဗုဒ္ဓခေတ် စွမ်းဆောင်ရည်မြင့်မားသော အရိယာအမျိုးကောင်းသမီးများအကြော င်း ကျနော် ဆက်ပြောပါဦးမည်..။
ကျနော်နှင့် မေသွယ်ခင်..
ကျနော်နှင့် ခင်လပြည့်
ကျနော်နှင့် မြကြာညို
ကျနော်နှင့် မေရီနှင်းမြ
ကျနော်နှင့် မမိုးစက်......။
ဖြူဇော်
(၅-၁၀-၂၀၁၃)
==========================
ဗုဒ္ဓအရှင်၏ ပညာအရာတွင် အကြီးအကျယ်ဆုံးဧတဒဂ်ဆုရလက်ယာတော်ရံ
သမီးတော်ခေမထေရီအကြောင်းကို ပျော်ရွှင်စွာ ဖတ်ရှုနိုင်ရန် ရည်ရည်ပါသည်။
=========
သူမအကြောင်းက ဒေသတွင်းသာမက မဇ္ဈိမဖက်ရှင်မဂ္ဂဇင်းတိုင်း၏ ကာဗာစတိုရီဖြစ်နေသည်။ ပုံဟန်အမျိုးမျိုးဖြင့် မရိုးနိုင်အောင် စိုရွှန်းကြည်လဲ့သော သူမ၏ အလှရုပ်ပုံများက စာမျက်နှာတိုင်းပေါ်တွင် နေရာယူထားကြသည်။
သူမကိုယ်တိုင် ရွတ်ဆိုသော အရိယာကဗျာတစ်ပုဒ်တွင်
“ဇမ္ဗူရာဇ်ရွှေစင်ကို
ခုနစ်ထွေရတနာစီလို့
ပန်းချီပန်းပုနဲ့ ရေးခြယ်ထုဆစ်
ပျိုမြစ်လှပ
ရှုမြင်တိုင်း ရုပ်ကြွ
မြင်သူတိုင်း ငေးကြ
မရပ်တည်နိုင်
မူးမှိုင်တွေဝေကြ။” ဟု စိတ်တံခါးဖွင့်ပြထားရာ သူမ၏ အလှကို လှစ်ခနဲ မြင်လိုက်ရသည့်အခိုက် ကျနော့်ခေါင်း မိုက်ကနဲဖြစ်သွားသည်။ သူမအမည်က ခင်ဝင့်ဝါ..။
ခင်ဝင့်ဝါက မဒ္ဒတိုင်း၊ သာဂလမြို့တော်၏ မင်းသမီးတစ်ပါးဖြစ်သည်။ ရွှေလင်ပန်းနှင့် အချင်းဆေး မင်းမွေးသည့်သမီးပီပီ မဒ္ဒတိုင်းအလှသရဖူကိုပြိုင်ဘက်
သူမမွေးဖွားစဉ်က ထူးဆန်းလွန်းစွာပင် ပြည်သူတို့ ၏ ရောဂါဥပဒ်များ ကင်းစင်လွင့်ပျောက်သွားသည့်အတွက
မင်းကြိုက်စိုးကြိုက် ကာလသားများနှင့် လားလားမှ မထိုက်သော နယ်စည်းမခြားအလှဒေ၀ီ ခင်ဝင့်ဝါကို မဂဓတိုင်းကြီးရှင်၊ ဗိမ္ဗိသာရဘုရင်က မိဖုရားခေါင်ကြီးအဖြစ် ကမ်းလှမ်းလက်ဆက်ခဲ့ပါလေသည်။
အလှပေါ် အယဉ်ဆင့်၊ မဟေသီမာန်ဝင့်နိုင်လေသော ခင်ဝင့်ဝါအတွက် ရတနာကြေးမုံပြင်ရှေ့က မခွာ၊ ရတနာနန်းတွင်းက မထွက်..။ စက်စက်ယို အလှကိုးကွယ်သူဖြစ်လာသည်။ အနိဋ္ဌာရုံများ ခင်ဝင့်ဝါအနားမလာရပြီ.။ ရုပ်ဆိုးသူများ ခစားခွင့်မရှိဟုပင် အမိန့်တော်ထုတ်ပြန်ထားလေပြီ။
စူပါပါဝါတိုင်းကြီးပြည်ကြီးရှင်
အွန်လိုင်းစစ်တမ်းများအရ ဇမ္ဗူဒိပ်မြေအပြင်ဝယ် သူမက ဒုတိယအလှသရဖူ(First Runner up) စွဲလေသည်။ ပထမအလှမယ်ဘွဲ့ကို သက္ကတိုင်း၊ဒေ၀ဒဟမယ်လေး ယသော်ဓရာက ဆွတ်ခူးသွားခဲ့သည်။
ခင်ဝင့်ဝါ၏ ရုပ်လုံးကြွတော်ဝင်ရွှေပုံလွှာ
ခင်ဝင့်ဝါက အလှတရားနောက် ကောက်ကောက်ပါအောင် လိုက်နေချိန် မဂဓသတင်းရပ်ကွက်တွင် ဗုဒ္ဓအရှင် ပွင့်ထွန်းပေါ်တော်မူလာသည့်သတင်း
ကျနော်စိတ်ဝင်စားသည်က အသစ်ပေါ်ထွန်းလာသည့် ဗုဒ္ဓအရှင်နှင့် ပတ်သက်သော ခင်ဝင့်ဝါ၏ သဘောထားခံယူချက်ပင်..။
အလှတရားကို ကိုးကွယ်လွန်းသူနှင့် အလှတရား၏ အပျက်ကို ရှုမြင်ကာ သံသရာလွတ်လမ်းညွှန်တရားဓမ္မတို့၏
နန်တွင်းမှ ထွက်ပေါ်လာတတ်သည့် တီးတိုးတော်ဝင်သတင်းများအရ ဗုဒ္ဓအရှင်ကို ကြည်ညိုလေးမြတ်လှသည့် ဘုရားဒကာ အရိယာသူတော်စင်ဘုရင်တစ်ပါးဖြစ်ေ
မကြာမီမှာတော့ ဗုဒ္ဓအရှင်သီတင်းသုံးနေထိုင်ရာ ဝေဠုဝန်ကျောင်းတော်၏ ပုံရိပ်များက မဂဓ သတင်းမီဒီယာလောကတွင် ပေါ်ပြူလာသတင်းဖြစ်လာသည်။
ဘုရင့်မိသားစုပိုင်တော်ဝင်ရုပ်သ
လမ်းမတိုင်း၏ ဘီလ်ဘုတ်ကြော်ငြာများတွင်“ ဝေဠုဝန်ကို သိလား ”ဟူသော စာလုံးပြူးပြူးကြီးကို မြင်ကြရမည်။ မြို့တော်ခန်းမနှင့် ဘုရင်မပန်းခြံလို လူစည်ကားရာနေရာများတွင် ဝေဠုဝန်လက်ကမ်းကြော်ငြာစာရွက်လေ
တောင်ထိပ်နက္ခတ်သဘင်ကျင်းပရာ မြို့တော်လုံးကျွတ်နွှဲသည့် ပဏ္ဍ၀တောင်ရှိုးပွဲမှာတော့ ဟဲဗီးမက်တယ်၊ ပေါ့၊ ဟစ်ဟော့၊ ပန့်ခ်၊ ဂျပ်ဇ် နှင့်အော်လ်တာနေတစ် ဂီတအဖွဲ့အမျိုးမျိုးက ဝေဠုဝန်အကြောင်းကိုသာ ဖွဲ့နွဲ့သီဆိုကြလေရာ ဝေဠုဝန်ဂီတရပ်ဝန်း ဟုပင် သတင်းစာနှင့် ဂျာနယ်များက အမွှမ်းတင်ရေးသားကြလေတော့သည်။
နောက်မှ ကျနော်သိရသည်မှာ မဂဓဘုရင်၏ အမိန့်ဖြင့် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဝေဠုဝန်သတင်းကို ဖန်တီးခြင်းဖြစ်သည် ဟုဆိုသည်။ ပစ်မှတ်က ခင်ဝင့်ဝါဖြစ်၏။
ငွေကုန်ကြေးကျများလှသော ထိုဝေဠုဝန်ပရောဂျက်အောင်မြင်ခဲ့
အလှကို ကိုးကွယ်သောအလှနတ်ဖုရား ခင်ဝင့်ဝါ အလှတရားရှိရာကို အမှန်တကယ် ရောက်အောင် သွားခဲ့ပါလေသည်။ ဗုဒ္ဓအရှင်ကလည်း သူမအား အလှတရားဖြင့် တည်ခင်းဧည့်ခံရန် အသင့်စောင့်နေတော်မူခဲ့သည်။
ကျေးငှက်တို့ ဂီတ..။ ရောင်စုံပန်းတို့ မွှေးမြ
စမ်းရေလေးတွေ စီးကျ...။ ဗုဒ္ဓခေတ်ကျောင်းဝိဟာသည် ရောက်လာသူတိုင်း၏
ရင်ကို တရားမနာရမီက အေးမြအောင် စီမံဖန်တီးထားလေသည်ပဲ..။
ခင်ဝင့်ဝါ ရင်သပ်ရှုမောဖြစ်သွားသည်။ ဝေဠုဝန်ဥယျာဉ်ကျောင်းဝိဟာထဲ ငှက်ပျိမလေးတစ်ကောင်လို ပြေးလွှဲခုန်ပေါက်မိသည် အထိ...။
ဗုဒ္ဓအရှင်ကိုတော့ ခင်ဝင့်ဝါက ရှောင်ဖို့ကြိုးစားသည်။
ဒါပေမယ့် တည့်တည့်တိုးလေသည်။ ဗုဒ္ဓအရှင်၏ ဂန္ဒကုဋီကျောင်းတံခါးက ဟင်းလင်းပွင့်လျက်...။ မွှေးပျံ့သော သီလဓမ္မရနံ့ကို ရှိုက်မိတော့ အလှမက်သူခင်ဝင့်ဝါ မနေနိုင်...။ တိတ်တိတ်လေး ခြေဖျားထောက်ကာ ချောင်းကြည့်သည်...။ အို
ဗုဒ္ဓဘုရားပါလား...။ အလှကို ကဲ့ရဲ့ပြစ်တင်သည် ဟု သတင်းကြီးသော
ဗုဒ္ဓအရှင်၏ ရှေ့တော်မှောက်တွင် ဖိုက်ဒီရုပ်လုံးကြွမိန်းမပျိုငယ
ထိုနတ်ရုပ်သွင်လေးက ယတ်လေခတ်ကာ ဗုဒ္ဓအရှင်ကို ပူဇော်နေသည်။
ထိုမိန်းမပျို၏ လင်းလက်သောအလှတရားအောက်တွင် ခင်ဝင့်ဝါ၏ အရောင်က မှိန်ပျသွားသည်။
အလှမာန်ဝင့်သော ခင်ဝင့်ဝါ နောက်ကောက်ကျသွားခဲ့ပြီ..။.။
လှလိုက်ပါဘိ..လှလိုက်ပါဘိ..။
သူမ တဖွဖွရွတ်ကာ အနားသို့ တိုးကပ်သွားသည်။
ဗုဒ္ဓအရှင်ကိုယ်တော်တိုင် တန်ခိုးတော်ဖြင့် ဖန်ဆင်းထားလေသည့် ဒေ၀စ္ဆရာအသွင်ပေပဲ..။
သို့သော် သူမကြည့်နေစဉ်မှာပင် ဒေ၀စ္ဆရာအသွင်လေးက ယိုယွင်းလာသည်။ နုရာက ရင့်..။ ရင့်ရာက မှည့်..။ မှည့်ရာက ကြွေ...။ အိုး ..........
သင်္ခါရကို ပါရမီထက်သော သူပီပီ ခင်ဝင့်ဝါမြင်လေပြီ.။
ချစ်သမီး ရှုလော့..။
မြင်ပါပြီ အရှင်...။
ရုပ်အလှထက် စိတ်အလှ...
လောကီအလှထက် လောကုတ္တရာအလှ..
ပညတ်အလှထက် ပရမတ္ထအလှ....။
အလှနှင့် ပညာကို ခင်ဝင့်ဝါပေါင်းစပ်နိုင်လေပြီ..
ထိုနေ့မကူးမီမှာပင် မဂဓတိုင်း၏ မဟေသီ ခင်ဝင့်ဝါတစ်ယောက် ခေမာထေရီအဖြစ် ဗုဒ္ဓအရှင်ထံပါးတွင် ဘိက္ခုနီရဟန်းအသွင်ကို ကူးပြောင်းခံယူတော့မည်ဖြစ်ကြောင
ဗုဒ္ဓအရှင်က သူမ၏ မြင့်မားလှသော ပညာပါရမီစွမ်းပကားကြောင့် ပထမတန်းသမီးတော်အဖြစ် လက်ယာရံဧတဒဂ်ဆုမြတ်ကို ပေးအပ်ဂုဏ်ပြုတော်မူလေသည်ကလည်း အမျိုးသမီးထုအတွက် အားတက်ဖွယ်ရာဖြစ်ပါသည်။
အမျိုးသမီးတစ်ယောက်၏ သာသနာတော်တွင်း မျှော်မှန်းနိုင်သော အဆင့်အတန်းကို ခန့်မှန်းအားကျဖွယ်ရာဖြစ်လာခဲ့ပ
ခင်ဝင့်ဝါသည် လောကီနယ်တွင် အလှစံပြဖြစ်သလို လောကုတ္တရာနယ်တွင်လည်း အမျိုးသမီးထု၏ ရိုးလ်မော်ဒယ်ဖြစ်လာပြန်တော့သည
ကျနော်က သူမ၏ အရိယာပရိုဖိုင်လ်ကို မကြာခဏ ကလစ်ခ်မိကာ မျိုးဆက်သစ်လုံမပျိုလေးများကို ဖြန့်ဝေဖြစ်လေသည်။
ကျနော် သိသော ဗုဒ္ဓခေတ် စွမ်းဆောင်ရည်မြင့်မားသော အရိယာအမျိုးကောင်းသမီးများအကြော
ကျနော်နှင့် မေသွယ်ခင်..
ကျနော်နှင့် ခင်လပြည့်
ကျနော်နှင့် မြကြာညို
ကျနော်နှင့် မေရီနှင်းမြ
ကျနော်နှင့် မမိုးစက်......။
ဖြူဇော်
(၅-၁၀-၂၀၁၃)
==========================
ဗုဒ္ဓအရှင်၏ ပညာအရာတွင် အကြီးအကျယ်ဆုံးဧတဒဂ်ဆုရလက်ယာတော
သမီးတော်ခေမထေရီအကြောင်းကို ပျော်ရွှင်စွာ ဖတ်ရှုနိုင်ရန် ရည်ရည်ပါသည်။
ငယ်ငယ်က ကဗျာရေးဖို့ ကလောင်တစ်ခု မွေးမြူဖြစ်ခဲ့သည်။
နှစ်ပတ်လည်စာစောင်တစ်ခုတွင် ဆောင်းပါးနှစ်ပုဒ်ခန့် ရေးဖူးသည်မှအပ
မကျယ်ပြန့်ခဲ့..။ ဒိုင်ယာရီစာမျက်နှာများနှင့် ပေးစာအချို့တွင်သာ
လက်မှတ်ထိုးဖြစ်ခဲ့သည်။
မိတ်ဆွေရဟန်းတော်တစ်ပါးက ထေရီဂါထာများကို တစ်ခုခုဖန်တီးပြီး လူငယ်မျိုးဆက်တွေအတွက် မိတ်ဆက်ပေးရန် တိုက်တွန်းသည်..။ သို့နှင့် လွတ်လပ်သော ကလောင်အဟောင်းကို ဖုန်သုတ်ကာ ဆွဲထုတ်လာခြင်းဖြစ်သည်..။ လွန်ခဲ့သောလအနည်းငယ်ခန့်က ဆောင်းပါးတွဲတစ်ပုဒ်ဖြစ်ပါသည်. .။
ဓမ္မအရိပ်အငွေ့ မပျယ်စေရန် ကြိုးစားထားပါသည်.။
မိတ်ဆွေရဟန်းတော်တစ်ပါးက ထေရီဂါထာများကို တစ်ခုခုဖန်တီးပြီး လူငယ်မျိုးဆက်တွေအတွက် မိတ်ဆက်ပေးရန် တိုက်တွန်းသည်..။ သို့နှင့် လွတ်လပ်သော ကလောင်အဟောင်းကို ဖုန်သုတ်ကာ ဆွဲထုတ်လာခြင်းဖြစ်သည်..။ လွန်ခဲ့သောလအနည်းငယ်ခန့်က ဆောင်းပါးတွဲတစ်ပုဒ်ဖြစ်ပါသည်.
ဓမ္မအရိပ်အငွေ့ မပျယ်စေရန် ကြိုးစားထားပါသည်.။
No comments:
Post a Comment