သြစတေးလျပလပ်စ် ဥရောပခရီး (၅)
========================
နယူးဆော့သ်ဝေးလ်ပြည်နယ်၊ ဆစ်ဒနီမြို့ အောချတ်လေးလမ်း၊အမှတ် (၆၅) ယင်နိုရာမြန်မာဘုန်းတော်ကြီးကျေ
ဆရာတော်ကြီး၏ လက်ထောက်ဖြစ်သူ အရှင်ပညိန္ဒက သူ့ဘွဲ့အမည်ကို လျှောက်ထား မိတ်ဆက်ပေးသည်။ ပြုံချိုစွာ အသိအမှတ်ပြုတော်မူ၏။ သက်တော်ကြီးရင့်ပြီဖြစ်သော်လည်း
ရဟန်းငယ်တစ်ပါးအတွက် ပရိယတ္တိနယ်ပယ်က ဖြစ်စေ၊ ပဋိပတ်ရပ်ဝန်းကဖြစ်စေ အားကျဖွယ်ရာဆရာတော်ကြီးများ၏ ပုံရိပ်အချို့ ရှိနေခဲ့ပါသည်။ ဒေါက်တာအရှင်ဇာဂရ၏ ကိုယ်ပိုင်ပဋိပတ်က သိုသိပ်အပ်သောအရာဖြစ်၍ မှန်းဆမမြင်နိုင်သော်လည်း ပြောင်ပြောင်ဝင်းဝင်းရှိလှသော ပရိယတ္တိစွမ်းရည်ကတော့ မော့ကြည့်ထိုက်အောင် မြင့်မြင့်မားမားရှိနေခဲ့ပါသည်။
တိဘက်တက္ကသိုလ်တွင် ပါဠိစာပေဆိုင်ရာဧည့်ပါမောက္ခအဖြစ
ကမ္ဘာ့သာသနာပြုမြန်မာဆရာတော်ကြီး
အမှန်တကယ်ပင် ထိုဆရာတော်ကြီးများ၏ ပညာအရည်အသွေးက ရွှေပြည်ကြီးမှာသာ သီတင်းသုံးမည်ဆိုလျင် မြင့်မားပြည့်စုံသောရွှေကျောင်ြး
ဆရာတော်ကြီးအရှင်သေဌိလကိုလည်း ရှင်ငယ်ဘ၀က ခပ်ဝေးဝေးမှ လှမ်းမျှော်ဖူးခွင့်ရခဲ့သည်။ ဒေါက်တာအရှင်ရေ၀တဓမ္မ အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော ၀ိပဿနာတရားကိုလည်း ကိုယ်တိုင်နာခဲ့ဖူးပြီ။ ယခုတော့ သူသည် လက်ရှိတာဝန်ထမ်းဆောင်ဆဲပါဠိဧည့်
အရှင်ဇာဂရက သာယာဝတီခရိုင်၊မင်းလှမြိုအပိုင်
၁၉၂၅ ခု၊ သြဂုတ်လ (၁၀) ရက်တွင် ဖွားမြင်တော်မူသည့်အတွက် သက်တော်ကိုးဆယ်နီးပါးရှိလေပြီ။ မြန်မာနိုင်ငံတွင် အဆင့်မြင့်ပရိယတ္တိစာမေးပွဲမျာြး
အစိုးရဓမ္မာစရိယတန်းတွင် ဂုဏ်ထူးဆောင်ကျမ်းများနှင့်တကွ တစ်နိုင်ငံလုံးပထမစွဲကာ အောင်မြင်တော်မူသည့်အတွက် အဂ္ဂမဟာအကျော်ဘွဲ့နှင်းအပ်ခံရသည်
ထိုမှ သီရိလင်္ကာနိုင်ငံတွင် ခြောက်နှစ်တာ ဘာသာစကားနှင့် သာသနာနှင့် ကမ္ဘာ့ဗဟုသုတအထွေထွေကို ဆည်းပူးခဲ့၏။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားးရောက်သည့်အခါမှာတေ
ထိုတက္ကသိုလ်မှာပင် ၀ိဇ္ဇာတန်း၊ မဟာဝိဇ္ဇာတန်းနှင့် ပါရဂူဘွဲ့တို့ကို အောင်မြင်ဆွတ်ခူးခဲ့သည်။
မြန်မာရဟန်းတော်များတွင် ပထမဆုံးဒေါက်တာဘွဲ့ရရဟန်းတော်မျ
ဆရာတော်ကြီး၏ တည်ငြိမ်းအေးချမ်းလှသော မျက်နှာတော်ဖူးရင်း အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပဲ ဟု သူကျေနပ်မိသွားသည်။ ကိုယ်မိတ္တူကူးလိုသည့် မူရင်းကြီးကို တွေ့နေရသည်မဟုတ်လား...။ နိုင်ငံခြားသာသနာပြု၊ ဘာသာစကား၊ တက္ကသိုလ်ဆရာ၊ ဒေါက်တာဘွဲ့ စသော ဝေါဟာရအချို့ကို သူ တစ်စွန်းတစ်စ မိတ္တူပွားထားနိုင်ပြီ။ ဆရာတော်ကြီး၏ သီလသမာဓိပညာ သိက္ခာသုံးရပ်ကတော့ ဆိုက်ဒ်ကြီးလွန်းနေသေးသည်။ မိတ္တူကူးဖို့ ဖိုလ်ဒါ(Folder)အသစ်ဖွဲ့ရဦးမည်
No comments:
Post a Comment