01 March, 2010

ရဟန်းတစ်ပါးရဲ့ တပ်ဆင်ခြင်းအနုပညာ

သို့
ခင်ကြီးနော ခင်ကြီးဇောနဲ့ ရှင်လေးမော်
မတတ်သာပေဘူးဗျ
“ရဟန်းတစ်ပါးရဲ့ တပ်ဆင်မှုအနုပညာ”ဒီလိုလေးပဲ ခေါင်းစဉ်တပ်လိုက်တယ်။
ငါ့ရှင်တို့ရဲ့ အင်စတောလေးရှင်းတွေက ဝေဒနာသညာမှာတင် ရပ်မနေနိုင်ဘူးဗျ။ စေတနာ(ကံသင်္ခါရ)တွေ အထိ ကပ်ပါလာသကိုး။ အဘိဓမ္မာတွေသိပ်ပြောလို့ မဖြစ်ဘူးဗျ။ တစ်လုံးမှား တစ်လုံးခေါက်တဲ့ဆရာတွေက ပေါပါဘိသနဲ့ အရင်က ကျက်ခဲ့တဲ့စာလေးတွေပါ မေ့မေ့သွားတယ်။

ရဟန်းနဲ့ အနုပညာဘာဆိုင်တုန်းလို့တော့ လုပ်မပစ်လိုက်နဲ့ဗျ။ ရှင်ကာဠုကြီးရဲ့ ပြည်တော်ဝင်ဂါထာတွေဟာ အနုပညာသိပ်မြောက်တယ်ဗျ။ ရှင်အုန်းညိုကြီးတောင် ဂါထာခြောက်ဆယ်ပျို့ဆိုပြီး လက်မတစ်ထောင်ထောင် ဖြစ်သွားစေနိုင်တဲ့ စကားလုံးအရင်းအမြစ်တွေဟာ ရဟန္တာအရှင်မြတ်ကြီးရဲ့ ရင်ထဲက လာတာတွေပဲဗျ။ ငါ့ရှင် တို့သိတဲ့အတိုင်းပဲဗျာ အဇန္တာတို့ အေလိုရာတို့၊ နာဂဇုနကောန္တာတို့ဆိုတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက လိုဏ်ဂူကြီးတွေရဲ့ အံ့မခန်းအနုပညာတွေဟာ ရဟန်းတော်တွေ ဖန်တီးခဲ့တာဆိုပဲ။

ဒီနေ့က မဇ္ဈိမဒေသတစ်ခုလုံးဟိုးလီဆေးရောင်စုံသင်္ကြန်ပွဲတော်ကြီးကျင်းပနေတာဆိုတော့ ဟောလီးဒေးဖြစ်နေတာဗျ။ အမှန်တကယ်တော့ ရဟန်းတော်တွေအတွက် အားလပ်ရက်ဆိုတာမရှိဘူးဗျ။ အိုင်တီခေတ်ကြီးလို့ ခပ်တည်တည်ရောနှောပြီး သူများဟောလီးဒေးထဲ ကိုယ့်နာမည်ကိုယ် ရောထွေးပစ်လိုက်တာကိုးဗျ။ ဒါပေမယ့် အင်တာနက်ကသိုဏ်းလေးပွားတာတော့ သမာဓိရတယ်ဗျ။ ကော်နက်ရှင်းမကောင်းလေ သမာဓိစိတ်လေဗျ။ သည်းခံနိုင်စွမ်းလည်း ပိုလာသဗျ။ ဗာရာဏသီဟာ ခန္တီပါရမီဖြည့်လို့အကောင်းဆုံးပဲဗျို့။.
ဘာပဲ ဖြစ်ဖြစ် ငါ့ရှင်တို့ရဲ့ အင်စတော်လေးရှင်းတွေနဲ့ တစ်နေကုန်သွားတယ်ဗျ။
ဂုဏ်ယူကြပေရော။

ခင်ကြီးနောရဲ့ အင်စတောလေးရှင်းများ
ခင်ကြီးဇောရဲ့ ရှိုးပွဲ
ရှင်လေးမော်ရဲ့ တပ်ဆင်ခြင်း

1 comment:

The Bliss Of Emancipation said...

The Art Of Laziness ဆိုပြီး တပည့်တော် ရေးမလို့ ။