12 March, 2010

ဓမ္မဂင်္ဂါအိုင်ဒိုးလ်


ငါ့မျက်နှာကို
ငါတည့်တည့်ကြည့်...

ဆိုင်မွန်ကိုဝဲလ်နဲ့တူလာသတဲ့လား
ငါ့ကိုယ်ငါတော့
ဖွဖွလေး

ပြီးတော့
လေ ပိုတိုက်ဖို့လိုတယ်

ဂါဒီနဲ့ အဲလင်ကိုပါဆွဲခေါ်လာခဲ့..
ပြောရိုးပြောစဉ်ဂျက်ခ်ဆင်လို ငတိကြီးတွေလည်း
လိုအပ်ချက်ပဲ

ဟုတ်ပြီ
အဆင်သင့်ဖြစ်ရင်
ဆောရီးတွေ တပွေ့တပိုက်နဲ့

လက်ခုပ်သံတွေပေါ်
ငါ
ရဲရဲပဲ ချော်ကျပစ်လိုက်တယ်။


ဓမ္မဂင်္ဂါ ၁၃-၃-၂၀၁၀

မှတ်စု-ဆိုင်မွန် ကိုဝဲလ် (Simon Cowell) အမေရိကန်အိုင်ဒိုလ် (American Idol)၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဒိုင်လူကြီး။ အယ်လင် (Ellen DeGeneres.)ဂါဒီ( Kara DioGuardi) ဂျက်ခ်ဆင်(Randy Jackson)

1 comment:

Crystal said...

အံ့မခန်းပါလား။