14 March, 2010

သံသရာအော်လ်တာနေတစ်ဗ်


ပြတင်းပေါက်လေး
ဝယ်လိုက်တယ်

လေညှင်းနဲ့
လရောင်ကိုဖမ်းဖို့
ဖြစ်သင့်တာက
ငါ့ကိုယ်ငါထွက်ပြေးဖို့

လူလူသူသူ
ညတွေပဲ
ဝတ်စုံပြည့်မျက်ရည်နဲ့

ငါပဲ
နင့်ကိုမုန်းလိုက်ရတာ။

ဓမ္မဂင်္ဂါ
၁၅-၃-၂၀၁၀

4 comments:

Crystal said...

မော်ဒန်ပီသပါပေတယ်နော်။

Anonymous said...

ပြေးစရာရှိ စောစောထွက်ပြေး လက်သီးကြီးကြီးဆုပ်ထားပြီး ငေးမနေနဲ့နော်

ashin kusalasami said...

ဂင်္ဂါရေ...မြစ်ပီသဖို့ ဒို့တွေ ဆက်လက်စီးဆင်းကြတာပေါ့...

ရှင်သစ္စာ said...

ဂင်္ဂါကမ်းပေါ်မှာ ခဏနားခိုပြီး ရေစီးသံတွေကို နားထောင်သွားပါတယ်........... ညင်သာတယ်၊ လက်ဆက်တယ်၊ .......