21 March, 2010

ကာသိတိုင်းဖြစ်လွမ်းနာ


မလွမ်းပေမယ့်
အလွမ်းတွေသယ်လာတယ်
ဥသြငှက်လေးကိုပါ အောင့်နမ်းမိရသေး

ကျေးစေရတုအယ်လ်ဘမ်အသစ်ပေါ့
အွန်လိုင်းကို ရောက်မလာနိုင်တဲ့
ရေချမ်းစင်လေးရေ
ကန္တာရကိုသာ
ခြုံထားလိုက်ပါရော

ဟောဒီမှာ
ဗာရာဏသီမြို့ကြီးကိုယ်တိုင်လည်း
နွေမြစ်ကျဉ်းလေးတွေထဲ ဆင်းဆင်းငုပ်
ရုပ်လုံးမပျက်ရုံတမယ်ပ

အမေ့ရွာနဲ့ဝေးဝေးလာတဲ့
ဂင်္ဂါ
လှိုင်းပူပူတွေ
ပြာပြာလွင်လွင်တီးခတ်
ရင်ဘတ်တွေသာ ပြောင်းသွားတယ်
တစ်သံသရာလုံးကျောကော့အောင်
ပေါလော

ငါ့ကိုယ်ငါချွေချရင်း
တောအုပ်အသစ်တွေဆီ
ထွက်ထွက်ပြေးတဲ့အခါ
နင်ကျန်ခဲ့မှာပဲ
စိုးမိသတဲ့။

ဓမ္မဂင်္ဂါ
၂၂-၃-၂၀၁၀



5 comments:

မော်ကွန်းသစ် said...

ကဲ.... ပျက်ကရော....။ ၄င်းကောင်း အတတ်ပညာကိုလည်း သင်ယူရပေးဦးမည်။

သကျသွေးကို said...

သကျသွေးကို ဆိုတာ ဂင်္ဂါ မြစ်ရေကို ပဲ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးချင်နေတဲ့ မော်ဒန် ကြိုးကြာငှတ်တစ်ကောင်။

Good Man said...

နွေရာသီအတွက် ချွေးသိပ်ယပ်တောင်တစ်ချောင်းရလိုက်သလိုပါပဲ။

Crystal said...

ရေစီးသံက သန်းခေါင်ယံ ထ နားထောင်လည်း နားဝင်ချိုနေစဲပဲ။

linnhtatshein said...

လွမ်းနာ ရှိရင်
ဘလော့နာ နဲ့ ဖြေ ပေတော့...