26 March, 2010

ဇာတကလမ်းကြား


ခုတ်မောင်းထွက်လာတယ်
ဘ၀ပေါင်းငါးရာစာ

ဘုရားတစ်ဆူဆူပဲ
ထပ်ပွင့်လိုက်ပါတော့
ဇာတ်ပေါင်းခန်းရောက်ရင်
ငါဘယ်သူလဲ
သိချင်လို့

စက်ဘီးလေးပဲစီးစီး
သံသရာကိုပဲစီးစီး
ရပ်လိုက်ဖို့သာ
စီးတော့တယ်။

ဓမ္မဂင်္ဂါ
၂၆-၃-၂၀၁၀

7 comments:

linnhtatshein said...

ကိုကျော် ဂျာမဏီ
ဇာတက လမ်းကြား
လျှောက်သွားတယ်

မော်ကွန်းသစ် said...

ဇာတ်ပေါင်းသည်ရှိသော်...........ငါသည်...........

Unknown said...

အရသာ ရှိလိုက်တာကို

အရှင်ကုသလသာမိ said...

အဓိပ္ပာယ်တွေ ပြည့်ဝလွန်းပါတယ်။

vowel said...

သံသရာကိုမှ..စီးခဲ့မိတယ်...တလျှောက်လုံး..မောဟအမှောင်တွေနဲ့..။ဘယ်လောက်ထိထပ်မောရမယ်မှန်းမသိတာတောင်..မှန်းဆရည်စူးပျော်မြူးလက်စနဲ့လေ....ဇာတ်သိမ်းတော့..ဘာဖြစ်မှာတဲ့လဲ...။ ခုထက်ထိတော့...သံသရာဝမ်းစာတွေ..မစိုက်ပျိုးနိုင်ခဲ့သေးပါဘူးဆို..လူကလဲ..မိုးခေါင်ရေရှားအရပ်ကိုရောက်နေရပြန်တယ်။

Crystal said...

ရှေ့ကို မတိုးနိုင်သေးခင် နောက်ဘက်နားက မြတ်စွာဂေါတမ ပွင့်ထွန်းကာလ အဘယ် အရပ် ချောင် ကပ် နေဘိ သိချင်လှ၏။
သံသရာအရှိန် နှုန်းက မြင့်လေတော့
ဘရိနင်းလည်း လွင့်မျောနေဆဲ။

ဥာဏ်လင်းထက် said...

မရပ်တဲ့ စက်ဘီးလေးပဲ စီးချင်တော့တယ်။ ရပ်တာတွေများလို့နေပြီ။