15 April, 2010

မော်ဒန်တောရရိုးရိုးသင်္ကြန်(၆)


မဟာသင်္ကြန်တော်အကြတ်နေ့(၂၀၁၀ ဧပြီလ ၁၅ ရက်)

နံနက်ခင်းအိပ်ရာထသည်နှင့် အင်တာနက်စာမျက်နှာထဲသို့တိုးဝင်ဖြစ်သည်။ အချိန်နှင့် တစ်ပြေးညီ သင်္ကြန် တော်ကျနေသည့် မော်ဒန်တောရသင်္ကြန်စာမျက်နှာတွင် ဤသို့သော မှတ်ချက်လေးများကို ဖတ်ရသည်။

ကိုနော said..

ဟောဗျာ..အခုပဲသုံးဖြစ်လိုက်...အခုပဲလေးဖြစ်လိုက်..
ဘယ့်နှာတွေတုန်း...။

မိနစ်ပိုင်းနာရီပိုင်းအတွင်းမှာပင် မော်ဒန်တောရရိုးရိုးသင်္ကြန်နံပါတ်များတိုးသွားသည်ကို မျက်စိနောက်ကျိ တော်မူဟန်ရှိသည့် ကိုနောက ကလောင်ရှည်ဖြင့် လှမ်းခြစ်လိုက်ခြင်းဖြစ်သည်။

Ashin Acara. said..

တောရသင်္ကြန်ဆိုတာ မဟုတ်မဟုတ် လုပ်ထားတာတွေကို ရေမျှောပစ်တဲ့ပွဲနဲ့ တူလား။

သူ့မိတ်ဆွေ သီဟပူရ၀ါသီရဟန်းတော်အရှင်ကတော့ သိသိကြီးနှင့် ကလိလိုက်ခြင်းဖြစ်သည်။ တောရသင်္ကြန်တော်သည် ရွှေပြည်ကြီး၏ အကိုင်းအခက်သင်္ကြန်မျှသာဖြစ်၍ “မဟုတ်မဟုတ် လုပ်ထားတာ တွေကို ရေမျှောပစ်တဲ့ပွဲနဲ့ တူလား။” ဟူသော မေးခွန်းနှင့် တိုက်ဆိုင်စွာပင် မဇ္ဈိမဒေသ၏ အကြီးအကျယ် ဆုံးသော ကုမ္ဘမေလာ(kumbh mela)ပွဲတော်ကြီးကျင်းပနေသည့် သတင်းပုံရိပ်များကို ကောက်တင် လိုက်ပါသည်။

မြန်မာသင်္ကြန်တော်အကျနေ့က လူပေါင်းကုဋေနှင့်ချီကာ တိုးဝှေ့ရေချိုးနေကြပုံများကား သည်းထိတ်ရင်ဖို ကောင်းပေစွ။ အကြောင်းမလှသော် အသက်ပျောက်အောင် တိုးဝှေ့ရတတ်သည်။ အ၀တ်မပါသော ဆာဒူးများ ကြီး၏ အယဉ်ကျေးဆုံးပုံကို ရွေးချယ်ရသည်မှာ မလွယ်ကူလှပေ။


နောက်ဆုံးဖတ်ရသည့်မှတ်ချက်က မဇ္ဈိမသို့ ဘုရားဖူးရောက်နေသည့် ဒကာတော်ရွှေလမ်းငွေလမ်းဝင်းကြည်၏ မှတ်ချက်လေးဖြစ်သည်။

ရွှေလမ်းငွေလမ်းဝင်းကြည် ဆရာရှင်မော်ဒန်သင်္ကြန်အုပ်စုအဖွဲ့ကို လာရောက်ရေလောင်းချင်လိုက်တာ..
ဆရာတို့အိန္ဒိယမှာ သင်္ကြန်မှန်းကို မသိရပါလား.ဆရာတို့ရေ...

သူ့ခမျာကုမ္ဘမေလာပွဲတော်ရက်အတွင်းရောက်ရှိလာသော်လည်း ပွဲတော်ကျင်းပနေ သည့် ဟရိဒွါရ်နှင့် ခရီးကြုံဟန်မတူ၊ ကြုံများကြုံလျှင်တော့ သင်္ကြန်မှန်းမသိရဆိုသော ရွှေလမ်းငွေလမ်းကြီးအတွက် ဘလော့ ရေးကွက် ကုန်ကြမ်းကုန်ချောများ တနင့်တပိုးဖြစ်သွားနိုင်သည်။ အဖော်အချွတ်ကြမ်းလှသော ဆာဒူးကိုယ် တော်ကြီးများကို ဖူးရပေမကိုး။


ဆာဒူးများ

Kumbha Mela 2010


HaridwarDates of Kumbh Mela in Haridwar, India, 2010

January 14 to April 28, 2010

Kumbha Mela
The largest religious gathering in the world! According to astrologers, the 'Kumbh Fair' takes place when the planet Jupiter enters Aquarius and the Sun enters Aries.

Kumbha (Kumbha means pot) Mela (means fair) is a sacred Hindu pilgrimage that takes place at the following four locations of India:

Prayag, Allahabad (in the state of Uttar Pradesh) at the confluence of three holy
rivers - Ganga (Ganges), Yamuna and Saraswati
Haridwar (in the state of Uttar Pradesh) where the river Ganga enters the plains from Himalayas
Ujjain (in Madhya Pradesh), on the banks of shipra river, and
Nasik (in Maharashtra) on the banks of Godavari river.

The pilgrimage occurs four times every twelve years, once at each of the four locations. Each twelve-year cycle includes the Maha (great) Kumbha Mela at Prayag, attended by millions of people, making it the largest pilgrimage gathering around the world.

Thousands of worshippers line up to take a holy   dip in the Ganga, during “shahi snan” (the main royal bath) at the   Kumbh Mela in Haridwar on Wednesday.
AP Thousands of worshippers line up to take a holy dip in the Ganga, during “shahi snan” (the main royal bath) at the Kumbh Mela in Haridwar on Wednesday.



မှတ်ချက်၊ မြန်မာသင်္ကြန်ပွဲတော်တွင် ဆင်နွှဲ၍ အားမရသေးပါက ဧပြီလ (၂၈) ရက်ထိ ကျင်းပနေဦးမည့် ကုမ္ဘမေလာရေချိုးပွဲတော်ကြီးတွင် လာရောက်ကာ ကဲနိုင်ပါသေးကြောင်း။( အသက်နှင့် အရှက်အတွက် အာမ မခံ)။

3 comments:

မော်ကွန်းသစ် said...

ကြည့်ရဲဘူးကွယ်။ ရှက်လို့ ။ ကဲသာကဲ၊ ရိုးရိုးသင်္ကြန် တစ်အုပ်စာ.....။

linnhtatshein said...

နဂ္ဂါ
အ၀တ်မစီး....
....တို့ သည်။
ဆိုတဲ့ နိဿယသစ်
ကို သွားသတိရရဲ့ 

ရဟန်းတော် said...

ခင်များ ဗျာ၊ ကျုပ်ရဲ့မော်ဒန်တောရ ကို နောက်က ရိုးရိုး ကြီးနဲ့ တွဲပစ်လိုက်တာတော့ မမိုက်ဘူးထင်ပါရဲ့။ ရှယ်လေးနဲ့ တွဲဖက်လိုက်ရင် ဟုတ်သေး။ ဒါပေမဲ့ ပုံတွေကတော့ ရှယ် ပါတယ်ဗျ။ စကားလုံးကသာ ....