17 April, 2010

ဓမ္မဂင်္ဂါနှစ်သစ်ဧည့်ခံစကား


မိတ်ဆွေကောင်းဟူသည်
အကျိုးတစ်ဝက်ပြီးစေနိုင်ကြောင်း
အရှင်အာနန္ဒာက လျှောက်ထားသည်။
ဗုဒ္ဓက
ခရီးပန်းတိုင် ဆုံးခန်းတိုင်အောင်
အကျိုးများသည် ဟု မိန့်မြွက်၏။

ထိုသို့ဖြင့်-
ကမ္ဘာ့ရွာဦးထိပ်
ဂလိုဘယ်လိုက်ဇေးရှင်းကုက္ကိုရိပ်တွင်
မိတ်ဆွေများအတွက်
သစ္စာရေချမ်းစင်
အစဉ်အလာမပျက်တည်ထားမည်။

မဇ္ဈိမလမ်းဖုံဖုံတွင်
မှုန်နေအောင်လှနေမည့်
သန္တရသသပြေညိုဖြင့် ကြိုမည်။

ဓမ္မဂင်္ဂါတွင်
သစ်လွင်သောအတွေးသင်္ခါရတို့သာ
လှိုင်းတံပိုးရှိနေမည်။

ဆိုဖူးသောစကားအတိုင်း မြစ်ကတော့ စီးလာမယ် ပင်လယ်တွေကြိုကြ”ဟူလိုသော်ဝ်။

ဓမ္မဂင်္ဂါ

4 comments:

အရှင်ဝိသာရဒ(ရမ္မာဝတီ) said...
This comment has been removed by the author.
အရှင်ဝိသာရဒ(ရမ္မာဝတီ) said...

နှစ်သစ်မှာ ကျန်းမာပျော်ရွှင် အစစအရာရာ အောင်မြင်ပါစေ ဆရာတော်။
ချောင်းကလေးတွေစီးလာတာကိုလည်း မြစ်ပြင်ကြီးက
ဆီးကြိုနိုင်ပါစေ ဘုရား။

Unknown said...

နှစ်ဆန်းတစ်ရက် အထွတ်တပ်ကာ ကုန်ကြမ်းတွေ အတော်ရလိုတ်တယ်ဆိုတာ မုဒိတာအတာရေဖြင့် ဆွတ်ဖြန်းနှုတ်ဆက် မေတ္တာသပြေညိုကမ်းလင့်လိုက်ပါတယ်။

linnhtatshein said...

ဓမ္မ ရေစင်
တသွင်သွင်
စီးနိုင်ပါစေ ဘုရား