မိတ်ဆွေကောင်းဟူသည်
အကျိုးတစ်ဝက်ပြီးစေနိုင်ကြောင်း
အရှင်အာနန္ဒာက လျှောက်ထားသည်။
ဗုဒ္ဓက
ခရီးပန်းတိုင် ဆုံးခန်းတိုင်အောင်
အကျိုးများသည် ဟု မိန့်မြွက်၏။
ထိုသို့ဖြင့်-
ကမ္ဘာ့ရွာဦးထိပ်
ဂလိုဘယ်လိုက်ဇေးရှင်းကုက္ကိုရိပ်တွင်
မိတ်ဆွေများအတွက်
သစ္စာရေချမ်းစင်
အစဉ်အလာမပျက်တည်ထားမည်။
မဇ္ဈိမလမ်းဖုံဖုံတွင်
မှုန်နေအောင်လှနေမည့်
သန္တရသသပြေညိုဖြင့် ကြိုမည်။
ဓမ္မဂင်္ဂါတွင်
သစ်လွင်သောအတွေးသင်္ခါရတို့သာ
လှိုင်းတံပိုးရှိနေမည်။
ဆိုဖူးသောစကားအတိုင်း “မြစ်ကတော့ စီးလာမယ် ပင်လယ်တွေကြိုကြ”ဟူလိုသော်ဝ်။
ဓမ္မဂင်္ဂါ
အကျိုးတစ်ဝက်ပြီးစေနိုင်ကြောင်း
အရှင်အာနန္ဒာက လျှောက်ထားသည်။
ဗုဒ္ဓက
ခရီးပန်းတိုင် ဆုံးခန်းတိုင်အောင်
အကျိုးများသည် ဟု မိန့်မြွက်၏။
ထိုသို့ဖြင့်-
ကမ္ဘာ့ရွာဦးထိပ်
ဂလိုဘယ်လိုက်ဇေးရှင်းကုက္ကိုရိပ်တွင်
မိတ်ဆွေများအတွက်
သစ္စာရေချမ်းစင်
အစဉ်အလာမပျက်တည်ထားမည်။
မဇ္ဈိမလမ်းဖုံဖုံတွင်
မှုန်နေအောင်လှနေမည့်
သန္တရသသပြေညိုဖြင့် ကြိုမည်။
ဓမ္မဂင်္ဂါတွင်
သစ်လွင်သောအတွေးသင်္ခါရတို့သာ
လှိုင်းတံပိုးရှိနေမည်။
ဆိုဖူးသောစကားအတိုင်း “မြစ်ကတော့ စီးလာမယ် ပင်လယ်တွေကြိုကြ”ဟူလိုသော်ဝ်။
ဓမ္မဂင်္ဂါ
4 comments:
နှစ်သစ်မှာ ကျန်းမာပျော်ရွှင် အစစအရာရာ အောင်မြင်ပါစေ ဆရာတော်။
ချောင်းကလေးတွေစီးလာတာကိုလည်း မြစ်ပြင်ကြီးက
ဆီးကြိုနိုင်ပါစေ ဘုရား။
နှစ်ဆန်းတစ်ရက် အထွတ်တပ်ကာ ကုန်ကြမ်းတွေ အတော်ရလိုတ်တယ်ဆိုတာ မုဒိတာအတာရေဖြင့် ဆွတ်ဖြန်းနှုတ်ဆက် မေတ္တာသပြေညိုကမ်းလင့်လိုက်ပါတယ်။
ဓမ္မ ရေစင်
တသွင်သွင်
စီးနိုင်ပါစေ ဘုရား
Post a Comment