28 April, 2010

နိရောဓပတ်စ်ဝဒ်

ဒုက္ခနဲ့
သံသရာကို မကျီစားနဲ့
ငါဟာ
သစ္စာကို
ရှာချင်လည်းရှာမယ်
ဒါပေမယ့်
ရှာခဲ့ပြီ

ယုံကြည်မှုကို
မှတ်ပုံတင်စရာလိုသလား
မေ့နေသလားလို့လည်း
ခဏ ခဏမေးလားမေးရဲ့


ငါ့နေ့ရက်တွေမှာ
ပတ်စ်ဝဒ်တွေပျောက်လှချည့်
ငါ့ကိုယ်ငါပျောက်တာက
ငါဖြစ်နေပြန်ရော

“လမ်း”တဲ့
လျှောက်ပေမယ့်
လျှောက်လက်စလောကီလေး
လှပြီးသားမို့။

ဓမ္မဂင်္ဂါ
(၂၈-၀၄-၂၀၁၀)

2 comments:

vowel said...

All permently things have perfect reason.
I love it in anyway.


ယုံကြည်မှုကို
မှတ်ပုံတင်စရာလိုသလား
မေ့နေသလားလို့လည်း
ခဏ ခဏမေးလားမေးရဲ့

ရဟန်းတော် said...

အကောင့်အားလုံးကို ပတ်စ်ဝဒ် တစ်ခုတည်းဖြစ်အောင် ချိန်းပစ်လိုက်ပေါ့ဗျာ။ ဒါဆို ပတ်စ်ဝ့ဒ် ချုပ်ပျောက်ခြင်း နိရောဓကို အခြားသစ္စာတွေနဲ့ R လို့ ရမယ်ထင်ပါရဲ့။