17 April, 2010

ဧဟိသွာဂတံမှ ကြိုဆိုခြင်း

နှစ်သစ်မင်္ဂလာအခါတော်သမယတွင် အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံဖြိုး ရေးအဖွဲ့ ကြီး၏ ၀က်ဘ်ဆိုဒ်မှ ကြိုဆိုပါသည်။ (Bliss Foundation ) ဇနီးမောင်နှံမှ လှူဒါန်းထားသည့် “ဧဟိသွာဂတံ” ဟု ယာယီပေးထားသော ၀က်ဘ်ဆိုဒ် အမည်နှင့် ပတ်သက်၍ ပြုပြင်ရန်၊ဖြည့်စွက်ရန်၊ သို့မဟုတ် ပိုမိုကောင်းမွန်သောအမည်ပေးနိုင်ရန် အဖွဲ့ဝင်ရဟန်းတော် များထံမှ အကြံဉာဏ်များ မျှော်လင့်ပါသည်။ လာမည့်မေလတွင် ကျင်းပမည့် အဖွဲ့ကြီး၏ ပထမလေးလပတ်အစည်း အဝေးတွင် တင်သွင်း အတည်ပြုနိုင်ရန်အတွက် အကူအညီရနိုင်စေရန် ရည်ရွယ်ပါသည်။

အဖွဲ့ကြီး၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြဓမ္မဒါနပြုရန်အတွက် ဓမ္မရေးရာကဗျာဆောင်းပါးများပေးပို့ကြရန်လည်း အထူးမျှော်လင့်ပါသည်။ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့၏ ၀က်ဘ်ဆိုဒ်အသီးသီးတွင် လင့်ခ်များချိတ်ဆက် ပေးခြင်းဖြင့် ဓမ္မဒါနကုသိုလ် တော်ယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အရှင်ဝိစိတ္တသာရ
အထွေထွေအတွင်းရေးမှူး
အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ ဖြိုးရေးအဖွဲ့
Email; vicitta.modern@gmail.com
Ph-00-91-9621661656

1 comment:

မော်ကွန်းသစ် said...

ကြိုဆိုပါတယ်။ သာဓု...သာဓု...