30 May, 2010

စိန့်တိုင်းသို့မဇ္ဈိမရဲ့ဓမ္မလက်ဆောင်တော်

အိန္ဒိယသမ္မတ မဒမ် ပရတိဘ ပတိလ် ဘုရားကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားတွင် ဓမ္မလက်ဆောင်များပေးအပ်နေစဉ်

တရုတ်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဧည့်သည်တော် အိန္ဒိယသမ္မတကြီး ပရတိဘ ပတိလ်ဟာ အန္ဒိယ နိုင်ငံကနေ တရုတ်နိုင်ငံကို ပထမဆုံးဗုဒ္ဓသာသနာတော်ရောက်ရှိထွန်းကားခဲ့ရာလို့ ယုံကြည်ရတဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းက ရှေးဟောင်းဘုရားကျောင်းကို စနေနေ့က သွားရောက်ခဲ့ပါတယ်။

သမ္မတကြီး ပတိလ်ဟာ ကျောင်းထိုင်ဘုန်းတော်ကြီး ရှိယင်လီနဲ့အတူ ဟေနန်ပြည်နယ် လျိုယန်မြို့တော်က မြင်းဖြူဘုရားကျောင်းကို သွားရောက်ကာ မဇ္ဈိမဟန်ဗုဒ္ဓဘုရားကျောင်းတော်တစ်ခုကို တရုတ်နိုင်ငံအတွက် ဓမ္မလက်ဆောင်အဖြစ် ဖွင့်လှစ်ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။

ဟန်မင်းဆက်(၂၀၆ ဘီစီ-၂၂၀ အေဒီ)ရဲ့ ဧကရာဇ်ဘုရင်တစ်ပါးဟာ အေဒီ ၆၇ ခုနှစ်မှာ အိန္ဒိယကနေ ဗုဒ္ဓရုပ်ပွားတော်များနဲ့ ဗုဒ္ဓဘာသာကျမ်းစာအဆူဆူကို ပင့်ဆောင်တော်မူခဲ့ကြတဲ့ အိန္ဒိယတိုင်းသားရဟန်းတော် များဖြစ်တဲ့ ကဿပမာတင်္ဂ၊ ဓမ္မရတနအရှင်မြတ်နှစ်ပါးနဲ့အတူ ၀န်တင်မြင်းများကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီ ခေတ်က မြို့တော်ဖြစ်တဲ့ လျိုယန်မှာ မြင်းဖြူဗုဒ္ဓဘုရားကျောင်းတော်ကို ဆောက်လုပ်စေခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က တရုတ်ဝန်ကြီးချုပ် ၀န်ကျားပေါင် အိန္ဒိယကို လာရောက်လည်ပတ်စဉ်မှာ မဇ္ဈိမဒေသအိန္ဒိယနဲ့ စိနရဋ္ဌ တရုတ်နှစ်နိုင်ငံတို့ရဲ့ ရှည်လျားလှတဲ့ ဆက်နွှယ်မှုသမိုင်းကို အမှတ်ရစေဖို့ မဇ္ဈိမဟန် ဗုဒ္ဓဘုရားကျောင်း ဆောင်တစ်ခု ဆောက်လုပ်ဖို့ နှစ်နိုင်ငံသဘောတူခဲ့ကြတာပါ။

၃,၄၅၀ စကွဲယားမီတာကျယ်ဝန်းတဲ့ ဘုရားကျောင်းဆောင်ကို အိန္ဒိယအစိုးရက ငွေးကြေးစိုက်ထုတ်ပြီး တရုတ် နိုင်ငံက တာဝန်ယူဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ၆၃ ပေအမြင့်၊ အောက်ခြေအကျယ် ပေ ၈၀ ရှိပြီး ၁၆ ပေအမြင့်ရှိတဲ့ တရားဟောကြားဟန် ဗုဒ္ဓရုပ်ပွားတော်ပါရှိတဲ့ ဘုရားကျောင်းတော်ဟာ အိန္ဒိယနိုင်ငံ၊ မဓယာ ပရာဒေ့ရှ်မှာ ရှိတဲ့ ဆန်ချီစေတီပုံဟန်အတိုင်းတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

သတင်းအပြည့်အစုံသို့





No comments: