03 June, 2010

ဥရောပရဲ့တစ်ခုတည်းသောဗုဒ္ဓဘာသာနိုင်ငံ


ကယ်လ်မီခ်( Kalmyks ) သည် ဥရောပတိုက်၏ တစ်ခုတည်းသော မွန်ဂိုနွယ်ဝင်နိုင်ငံ တစ်ခု ဖြစ်သကဲသို့ တစ်ခုတည်းသော ဗုဒ္ဓဘာသာနိုင်ငံလည်း ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်းတွင် ပါဝင်သည့် ကယ်လ်မီကီယား ပြည်သူ့သမ္မတနိုင်ငံတွင် ကယ်လ်မီခ်များသည် နေထိုင်ကြသည်။

အိမ်နီးချင်းနိုင်ငံများမှာ တောင်ဘက်တွင် ဒီဂက်စတန်ပြည်သူ့သမ္မတနိုင်ငံ (Republic of Dagestan ) အနောက်တောင်ဘက်တွင် စတဗရိုပို ကရိုင်း( Stavropol Krai) အနောက်ဘက်တွင် ရိုစတော့ဗ် အိုဘလားစ် ( Rostov Oblast ) အနောက်မြောက်တွင် ဗိုလ်ဂိုဂရတ် အိုဘလားစ်( Volgograd Oblast )အရှေ့ဘက်တွင် အစထရာခန် အိုဘလားစ်( Astrakhan Oblast)တို့တည်ရှိသည်။

ကယ်လ်မီခ်များသည် ၁၇ ရာစုအစောပိုင်းက ဥရောပသို့ အခြေချဝင်ရောက်လာသည့် အွိုက်ရိုက် တိုင်းရင်းသား မျိုးနွယ်စုမှ ဆင်းသက်လာကြသူများ ဖြစ်ကြသည်။ တိဘက်ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတွက် တိဘက် ရဟန်းမင်း ဒလိုင်လားမားကို သူတို့၏ ဗုဒ္ဓဘာသာသာသနာပိုင်အဖြစ် အသိအမှတ်ပြု ကိုးကွယ်ကြသည်။ ကယ်လ်မီခ်နိုင်ငံ၏ သာသနာပိုင်လာမားကြီးမှာ ဖီလ်ဒယ်ဖီးယားတွင် မွေးဖွားပြီး ကယ်မီခ်နွယ်ဝင်ဖြစ်သူ အက်ဒနေ အွမ်ဘာဒီကို (Erdne Ombadykow) ဖြစ်သည်။

အွမ်ဘာဒီကိုသည် အိန္ဒိယနိုင်ငံရှိ တိဘက်ကျောင်းတော်တစ်ခုတွင် အသက် (၇)နှစ်အရွယ်မှ စတင်ကာ လားမားရဟန်းတစ်ပါးအဖြစ် နေထိုင်ခဲ့ပြီး တိဘက်ရဟန်းမင်း ဒလိုင်းလားမားကြီးကိုယ်တိုင် တိဘက်သူတော်စင် တေလို ရင်ပိုချေး( Telo Rinpoche) ၀င်စားသူဟု အသိအမှတ်ပြုခံရသူ ဖြစ်သည်။ အွမ်ဘာဒီကိုသည် ကော်လိုဒါရိုနှင့် ကယ်လ်မီခ်တွင် တစ်လှည့်စီ နေထိုင်သီတင်းသုံးလျက်ရှိသည်။

ကလ်လ်မီခ် နိုင်ငံရေးခိုလှုံသူများသည် ၊ဆားဗီယားနိုင်ငံ၊ ဘဲဂရိတ်မြို့တော်တွင် ဥရောပတိုက်အလယ်ပိုင်း၏ ပထမဆုံး ဗုဒ္ဓဘာသာကျောင်းတော်ကို ဖွင့်လှစ်ခဲ့ကြသည်။ ကလ်မီခ် မျိုးဆက်နွယ်ဖွားများသည် ၁၉၅၁ တွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ၁၉၅၂ ခုနှစ်တွင် နယူးဂျာစီပြည်နယ်၊ မွန်မောက် ကောင်တီ၌ ကလ်မီခ် ဗုဒ္ဓဘာသာကျောင်းများစွာကို တည်ထောင်ခဲ့ကြသည်။

ကလ်မီခ် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်သူ ဂေရှေး ၀မ်ဂျယ်လ် (Geshe Wangyal,) သည် နယူးဂျာစီပြည်နယ်။ ၀ါရှင်တန်တွင် တိဘက်ဗုဒ္ဓဘာသာလေ့လာရေးဌာနှင့် ဘုန်းတော်ကြီးကျောင်းကို တည်ထောင်ခဲ့သည်။

No comments: