25 August, 2011

ဗုဒ္ဓဘာသာဝင် Apple ကုမ္ပဏီစီအီးအိုဒကာကြီး ရာထူးမှ နှုတ်ထွက်


Apple ကုမ္ပဏီကြီးကို တည်ထောင်သူ ဗုဒ္ဓဘာသာဝင် မစ္စတာစတီဗ်ဂျော်ဘ်စ်ဟာ ရာထူးမှ နှုတ်ထွက်သွားပါပြီ.တဲ့။ မစ္စတာစတိဗ်ရဲ့ လက်ရာ အိုင်ပက်လေးကို သုံးကြည့်ပြီး ချီးမွမ်းလို့မဆုံးသေးဘူး..။ ရာထူးနှုတ်ထွက်သွားလေသတဲ့..။ (သတင်းနဲ့ ရောပြီး ကြွားတာလို့ မထင်စေချင်ဘူး..း)

အမွေးစားခံကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာပြီး ကောလိပ်ကျောင်းပြီးအောင် မတက်ခဲ့ရတဲ့ မစ္စတာစတီးဗ်ဟာ အိန္ဒိယကို သစ္စာရှာသွားဖို့ ခရီးစရိတ်ပိုက်ဆံအတွက် ကွန်ပြူတာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးပါသတဲ့..။ အိန္ဒိယကပြန်လာတဲ့အခါမှာတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ သူ့ကိုယ်သူထုတ်ဖော်ခဲ့ပါသတဲ့.။ လက်ထပ်တဲ့အခါမှာလည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကို ပင့်ဆောင်ပြီး မင်္ဂလာဧည့်ခံပွဲ ကျင်းပခဲ့ပါသတဲ့..။ ဗုဒ္ဓဘာသာဝင်ထဲက သို့ကလို လူချွန်လူမွန်ကြိးတစ်ယောက်ကို မုဒိတာပွားလိုက်ကြောင်းပါ..။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သူ့အကြောင်းလေးအချို့ကို မျှဝေလိုက်ပါတယ်...

(၁)အောင်မြင်တဲ့ ဗုဒ္ဓဘာသာစီးပွားရေးလုပ်ငန်းရှင်ကြီး
(၂)ဗုဒ္ဓဘာသာတစ်ယောက်က အောင်မြင်မှုကို သရဇ္ဈာယ်လေသောအခါ
(၄)ဒကာကြီးမစ္စတာစတီဗ်ရဲ့ အတ္ထုပ္ပတ်

(၄)ဒါကတော့ ဘီဘီစီသတင်းပါ



No comments: