24 December, 2011

ဓမ္မဂင်္ဂါခရစ္စမတ်စ်

 ‘‘muttāhaṃ, bhikkhave, sabbapāsehi, 
ye dibbā ye ca mānusā. 
Tumhepi, bhikkhave , muttā sabbapāsehi, 
ye dibbā ye ca mānusā. 
Caratha, bhikkhave, cārikaṃ 
bahujanahitāya 
bahujanasukhāya 
lokānukampāya 
atthāya 
hitāya 
sukhāya 
devamanussānaṃ.
(Vinayapiṭake MahāvaggapāḷiMahākhandhako)

မုတ္တာဟံ သဗ္ဗပါသေဟိ၊ ယေဒိဗ္ဗာ ယေ စ မာနုသာ။
တုမှေပိ ဘိက္ခဝေ မုတ္တာ သဗ္ဗပါသေဟိ၊ ယေ ဒိဗ္ဗာ ယေ စ မာနုသာ။
စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ လောကာနုကမ္ဗါယ အတ္ထာယ ဟိတာယ သုခါယ  ဒေ၀မနုဿာနံ။

ငါကိုယ်တော် 
လူနတ်တို့ရဲ့  
အလုံးစုံအနှောင်အဖွဲ့ကျော့ကွင်းက
လွတ်မြောက်ပြီးသလို 
သင်ရဟန်းတို့လည်း 
လွတ်မြောက်ပြီးကြလေပြီ''

ရဟန်းတို့ ခရီးထွက်ကြ၊
အများစုအကျိုးစီးပွားချမ်းသာ ၊
လောကကို စောင့်ရှောက်ဖို့နဲ့
နတ်လူတို့ကောင်းစားရေးအတွက်။

ဗုဒ္ဓ
(၀ိနည်းမဟာဝါပါဠိတော်)


၁ ဒါဝိဒ်၏ သားတော်၊ ဓမ္မဒေသနာဆရာဖြစ်သော ယေရုရှလင်မင်းကြီး၏ စကားဟူမူကား၊
၂ အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
၃ လူသည် နေအောက်မှာ ကြိုးစားအား ထုတ်သမျှတို့၌ အဘယ်အကျိုးရှိသနည်း။
၎ လူတဆက်လွန်သွား၏။ တဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲ တည်၏။
၅ နေလည်း ထွက်လျက်ဝင်လျက်၊ ထွက်ရာအရပ်သို့ တဖန်ပြေးလျက်၊ တောင်လမ်းသို့လိုက်၍၊ တဖန် မြောက်လမ်းသို့ပြန်တတ်၏။
၆ လေသည်လည်း အစဉ်လည်သွား၍ လည်းပြီးသောအရပ်သို့ တဖန်ပြန်၍ လည်ပြန်တတ်၏။
၇ ခပ်သိမ်းသောမြစ်တို့သည် ပင်လယ်ထဲသို့ရောက်ကြ၏။ သို့သော်လည်း၊ ပင်လယ်သည် မပြည့်တတ်။
 မြစ်ရေသည် စီးထွက်ရာ အရပ်သို့တဖန် ပြန်သွားတတ်၏။
 ခပ်သိမ်းသောအရာတို့သည် လူမပြောနိုင်အောင်ပင်ပန်း ခြင်းနှင့်ယှဉ်ကြ၏။ မျက်စိသည်မြင်၍ မကုန်တတ်။ နားသည်လည်းကြား၍ မဝတတ်။

 ဖြစ်ဘူးသောအရာသည် ဖြစ်လတံ့သောအရာ နှင့်တူ၏။ ယခုပြုသောအမှုသည် ပြုလတံ့သောအမှုနှင့်တူ၏။ နေအောက်မှာ အသစ်သော အမှုအရာမရှိ။
၁၀ ကြည့်ပါ။ အသစ်ဖြစ်၏ဟု ဆိုရသော အမှုအရာ တစ်စုံတစ်ခုရှိသလော။ ထိုအမှုအရာသည်၊ ရှေးကာလ၌ ဖြစ်ဘူးပြီ။
၁၁ ရှေးဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့တတ်၏။ နောက်၌ဖြစ်လတံ့သော အမှုအရာတို့ကိုလည်း၊ ထိုအမှုအရာ နောက်၌ ဖြစ်လတံ့သော သူတို့သည် မေ့လျောကြလိမ့်မည်။ 
(ဒေသနာကျမ်း အခန်းကြီး ၁ မှ)

Then you will know the truth,
and the truth will set you free."(John 8:32)

သစ္စာသိမြင်ကြလျှင်
သစ္စာတရားက သင်တို့ကို လွတ်မြောက်စေအံ့သတည်း။
ယေရှုခရစ်တော်
(ရှင်ယောဟန်ခရစ်ဝင်မှ)
..................................................
ခရစ်ယန်ဓမ္မမိတ်ဆွေများအတွက်
ပျော်ရွှင်ဖွယ် ၀ိမုတ္တိခရစ္စမတ်
နေ့ထူးနေ့မြတ်ဖြစ်ကြစေသတည်း။
ဓမ္မဂင်္ဂါ
(၂၄-၁၂-၂၀၁၂)

1 comment:

ကိုနော said...
This comment has been removed by a blog administrator.