20 February, 2013

ရဟန်းနှင့် သေခြင်းရဲ့ တံခါးများ..



ရဟန်းနှင့် သေခြင်းရဲ့ တံခါးများ..
----------------------
နှစ်ညတာ တရားပွဲ စော်ဘွားမြေကအပြန်...
အမေ့အိမ်လေးကို ၀င်မည်...။
အမေကျွေးတဲ့ တောဟင်းတောမုန့်လေးတွေ စားမည်..။
ကားဆရာလေးက အမေ ပါတဲ့ သီချင်းတွေ ဖွင့်သည်..။
ကပ္ဗိယက အမေ့အကြောင်းပြောသည်..။
ခရီးသွားတိုင်း အမေ့ကို ရှိခိုးဦးချနှုတ်ဆက်ပြီးမှ ခရီးထွက်လေ့ရှိသတဲ့..။
ပြန်လာရင်လည်း အမေ့ကို အရင် ဦးတိုက်ပါသတဲ့...။
ကောင်းလိုက်တာဗျာ...။
ကျုပ်လည်း ခု အမေနဲ့ တွေ့ရတော့မယ် ...ဗျ..။

ထိုစဉ်မှာပင်....
ကားဘီးပေါက်..။ ထိန်းမရ...။ လမ်းကျဉ်း..
ချောက်ထဲကျ...၊ ဂျွန်းပြန်.. ကားပက်လက်လန်...။
သေပြီ ဟု တွက်လိုက်မိ...။
ဘယ်လိုဖြစ်ပါလိမ့်....။ ငါသေနေပြီလား....။
ခန္ဓာကိုယ်က ဇောက်ထိုး...။ မှန်ကွဲနေသော ကားပြတင်းမှ တိုးထွက်ခဲ့ကြ..။ ဒရိုင်ဘာ..
နဲ့ ကပ္ဗိယက ကိုယ့်ကို စိတ်ပူ...။
ကိုယ်က သူတို့အတွက် စိတ်ပူ...။
မင်းတို့ ဘာဖြစ်ကြလဲ..။
ဘာမှမဖြစ်ဘူး..။
ဘုန်းဘုန်းဘာဖြစ်လဲ ...
ဘာမှ မဖြစ်ဘူးဟ...။
ကားကြီးကိုလှည်ကြည့်လိုက်တော့ ..... အားလားလား....
ငါတို့ လူတွေရော ဟုတ်ကြသေးရဲ့လား....။
ပြေးထွက်လာသော ရွာသားများအသံကြား...
ဘုရား ဘုရား....
(သေခြင်းရဲ့ တံခါးများ ....
ငါ့ည အသက်ရှင်ခွင့်ကို ပေး.....)

အမေစောင့်မျှော်နေမည့် ဆွမ်းဝိုင်းလေးဆီတော့ အချိန်မမီခဲ့...။
သို့သော် စိတ်ပူနေတဲ့ အမေ့ကို မျက်နှာပြဖို့ ဆိုင်ကယ်လ်တစ်စီး နောက်မှီးမှာ ခိုလို့ မိနစ်အနည်းငယ်မျှ ရောက်ခဲ့...။
အမေ့ကို သတိရတဲ့ စိတ်က ကယ်လိုက်တာဖြစ်မှာပါ အမေ.....။

ဓမ္မဂင်္ဂါ
(၁၉ -၂-၂၀၁၃)

အပြည့်အ၀ကူညီကြလေသော ကောလင်းမြို့၊ ဆိုင်တူးကျောင်းဆရာတော်၊ကန့်ဘလူမြို့နယ်၊ ၀က်တူးရွာသူရွာသားများနှင့်
ထန်းကုန်း သဟပုညကာရီအသင်းသားများ၊ ဘာအညီအညီပေးရမလဲ ဟု မေးကြရှာလေသော ဖြတ်သွာဖြတ်လာကားများကို အထူးမှတ်တမ်းတင်အပ်ပါသည်..။ ပျောက်ကွယ်နေပြီဟု ပြောပြောနေကြလေသည့် ကူညီရိုင်းပင်းတတ်မှု
မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်းလေးကို အရင်းပကတိအတိုင်း
တွေ့လိုက်ရသည့် ကြည်နူးဝမ်းသာ...။
ထို့ထက်အလွန်....ခရီးစဉ်တလျောက်လုံး၏ ကောင်းကျိုးဆိုးကျိုးများကို စီစဉ်ဖြေရှင်းပေးခဲ့သည့် ပုလဲပရဟိတဖောင်ဒေးရှင်းဆရာတော်ကို ကျေးဇူးစကားမည်သို့ မည်ပုံဆိုရမည်ပင် မသိတော့ပြီ..။ 

2 comments:

ဝီရဓမ္မ( Brave The Dhamma) said...

ကြွရောက်ချီးမြှင့် အားပေးစကားမိန့်ကြား တော်ပါသော ဓမ္မင်္ဂါ ဂုရုကြီးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေဟူ၍လည်း ဆုတောင်းစကားဆိုခဲ့ပါသည်ဘုရား။

Unknown said...

သဲထိတ်ရင်ဖို ဖြစ်သွားတယ် ဘုရား ဘုရား။

စော်ဘွားမြေကိုတော့ လွမ်းမိသေး။