18 December, 2013

မမြင်ရသောဒိုင်များ


မမြင်ရသောဒိုင်များ
--------------
ပရိသတ်သန်းပေါင်းများစွာ ရှေ့မှာတောင်
ညစ်ပတ်ချင်တဲ့ဒိုင်တွေ ရှိနေသေးတယ်ဆိုရင်
လူသိပ်မမြင်ရဘူးထင်တဲ့ နယ်ပယ်မှာ
အပြုံးကြီးတစ်ခွဲသားနဲ့
အနီကတ်တွေချည်း စိတ် နှလုံးအမဲကြီးထဲ ထည့်ပြီး
ဖြူစင်တဲ့ အနာဂတ်ရဲရဲတွေကို
အလဲအကွဲဖြစ်အောင် ညစ်ပတ်နေကြတဲ့ ဒိုင်တွေ ရှိနေကြောင်း သေချာခဲ့ပါပြီ..။

ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံးကန်ခဲ့ကြပြီ..။
အကောင်းဆုံးဆက်ကန်ရပေမည်..။

၁၉ -၁၂-၁၃
-------------------------------
ရည်ညွှန်း
-------
ကိုယ်တိုင်ကန်နေရသောပွဲနှင့် မြန်မာ့ဂုဏ်ဆောင်အမျိုးသမီးအသင်း၏ ပွဲ

No comments: