လောဘကြီးတာကမှ
အကြွေးလေးတွေ ဆပ်လို့ ရသေးတယ်
ဒေါသနဲ့ မာနကတော့
လူမုန်းတာပဲ အဖတ်တင်သတဲ့...
အဲဒီလိုဆောင့်ကြွားကြွား
ဟိုတယ်လ်ထဲ
အ၀ိဇ္ဇာကဒ်နဲ့
တည်းခိုခဲ့...
ခုတော့
သောက၀န်စည်စလွယ်တွေ
အခွန်အခများလှတယ်
ကဗျာမရေးဘဲ
ဂါထာတွေပဲ
တတွတ်တွတ်ရွတ်နေဖို့ကောင်းတော့ရဲ့....။
ဓမ္မဂင်္ဂါ
၁၇-၀၇-၂၀၁၀
အကြွေးလေးတွေ ဆပ်လို့ ရသေးတယ်
ဒေါသနဲ့ မာနကတော့
လူမုန်းတာပဲ အဖတ်တင်သတဲ့...
အဲဒီလိုဆောင့်ကြွားကြွား
ဟိုတယ်လ်ထဲ
အ၀ိဇ္ဇာကဒ်နဲ့
တည်းခိုခဲ့...
ခုတော့
သောက၀န်စည်စလွယ်တွေ
အခွန်အခများလှတယ်
ကဗျာမရေးဘဲ
ဂါထာတွေပဲ
တတွတ်တွတ်ရွတ်နေဖို့ကောင်းတော့ရဲ့....။
ဓမ္မဂင်္ဂါ
၁၇-၀၇-၂၀၁၀
1 comment:
မရွတ်ခဲ့လို့ ဖတ်နေရတဲ့ ဒီကဗျာ
ဒီကဗျာ ဖတ်ချိန်တော့ ရွတ်နေလောက်ပြီ
မရွတ်ဖို့တော့ ဆုမတောင်းလိုဘူး
တောင်းချင်တာက ဖတ်ချင်သေးတာ
Post a Comment