Showing posts with label ကောလင်းအမှတ်တရ. Show all posts

02 December, 2009
ကောလင်းသင်တန်းအမှတ်တရ
ထိုသင်တန်းလေသည် အလွန်နွေးထွေးလှ၏။ အပြုံးများလည်း လတ်ဆတ်စိမ်းမြနေသည်။
သူက သင်တန်းမှူးအဖြစ်တာဝန်ယူသည်။
အသုံးချဗုဒ္ဓဘာသာနှင့် အင်္ဂလိပ်-ပါဠိသင်တန်းဟုအမည်ပေးထားသော ထိုသင်တန်းတွင် အခြေခံပါဠိရေးဖွဲ့နည်း၊ဗုဒ္ဓဘာသာစိတ်နေသဘောထားဘာသာရပ်နှင့် အင်္ဂလိပ်စကားပြောကို သူက ပို့ချပေးသည်။
မိဆွေရဟန်းတော် အရှင်ဉာဏိန္ဒ( ရွှေကူ) (ယခု ထေရ၀ါဒတက္ကသိုလ်) က ဗုဒ္ဓ၀င်နှင့် သာသနာသမိုင်း၊ အရှင်သကျ(တောင်သာ)က အင်္ဂလိပ်သဒ္ဒါ အသီးသီးပို့ချပေးသည်။
အကျိုးများသောသင်တန်းတစ်ခုအဖြစ် အားလုံးက လက်ခံကြ၍ ပီတိဖြစ်ရသည်။ ကိုယ်ပိုင်န၀ကမ္မလေးများဖြင့် စာရွက်စာတမ်းများ စီစဉ်ရသည့်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းအကုန်စိုက်ထုတ်ရသော်လည်း ပျော်ခဲ့ကြပါသည်။

ဒီတစ်ခေါက် မြန်မာပြည်ရောက်စဉ် ၂၀၀၄ ခုနှစ်ဆီက စစ်ကိုင်းတိုင်း၊ကောလင်းမြို့လေးတွင် သင်တန်းဖွင့်ခဲ့သည့် မှတ်တမ်းဗွီဒီယိုလေးကို မိတ်ဆွေရဟန်းတော်၏ အခန်းမှာ ပြန်တွေ့ရ၏။ အလွမ်းပြေပြန်ကြည့်ဖြစ်ခဲ့သည်။ မျှဝေလိုက်ပါသည်။
Subscribe to:
Posts (Atom)